ကလေးငယ်များဝမ်းပျက်ဝမ်းလျှောတဲ့အခါ..

ဝမ်းပျက်ခြင်း၊ဝမ်းလျှောခြင်းဟာ ကလေး/လူကြီးမရွေးဖြစ်လေ့ဖြစ်ထရှိပါတယ်။  အခုလိုရာသီမှာ အဖြစ်လည်းများပါတယ်။

ဒီတစ်ခါတော့ မိမိကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိထားစောင့်ကြည့်ရမယ့်

အချက်များကို ပြောပြပေးချင်ပါတယ် ။ 

၆လအောက်ကလေးငယ်များဖြစ်လျှင်

-ကော်ဖီရောင်အညိုများအန်ခြင်း

-ဗိုက်အလွန်အောင့်ပြီးငိုခြင်း၊ မှိန်းခြင်း၊ နုံးခွေနေခြင်း၊

-ရေဓာတ်အလွန်အမင်းခန်းခြောက်မှုကြောင့် ငယ်ထိပ်ချိုင့်ခြင်း

-ကလေးငယ်များနို့ကောင်းကောင်းမစို့ခြင်း

-ဖျားနာခြင်းများ ဖြစ်လာရင်တော့ စိတ်ပူရပါတယ်။

ကလေးငယ်ကို နီးစပ်ရာဆေးရုံ/ဆေးခန်းမှာ အမြန်ဆုံးပြသရမှာဖြစ်ပါတယ်။

မိမိကလေးငယ်လေးများဝမ်းပျက်တဲ့အခါ

မိဘများအနေနဲ့ မဖြစ်မနေ့ပြုလုပ်ပေးသင့်တာလေးတွေကတော့ …

-အရည်များများတိုက်ပေးပါ။

-မိခင်နို့ရည်တိုက်နေတဲ့ကလေးငယ်ဆိုရင် မိခင်နို့ရည်ကိုအပြည့်အဝတိုက်ပေးပါ ။

-ဖြည့်စွက်စာ စကျွေးနေတဲ့ကလေးငယ်များကိုတော့ ဆန်ပြုတ်၊ စွပ်ပြုတ်ရည် စသဖြင့်

ရေဓာတ်မှန်သမျှတိုက်ပေးပါ။

-နည်းနည်းနဲ့ မကြာခဏတိုက်သင့်ပါတယ်။

-ကလေးကို အစာကြေလွယ်သောအစားအစာများကိုကျွေးပေးပါ။

-ဓာတ်ဆားတိုက်မယ်ဆိုရင်တော့ WHO Formula နဲ့ထုတ်ထားသော ဓာတ်ဆားထုတ်ကိုတိုက်ပေးပါ။ကလေးငယ်ရဲ့ ကုန်ဆုံးသွားတဲ့အရည်ဓာတ်နဲ့ဓာတ်ဆားတွေကိို ပြန်လည်ဖြည့်ဆည်းပေးဖို့ ဓာတ်ဆားမဖြစ်မနေတိုက်ပေးပါ။

-ကလေးငယ်များ ဝမ်းလျှောတာရက်ကြာလာတဲ့အခါ အူလမ်းကြောင်းအတွင်း ကောင်းမွန်တဲ့ Bacteria လေးတွေ ဆုံးရှုံးသွားတတ်ပါတယ်။

-Good Bacteria လေးတွေ ပြန်လည်ဖြည့်ဆည်းပေးဖို့အတွက် #Bacigut လေးရှိပါတယ် ။

#Bacigut က Liquid Probiotic အမျိုးအစားဖြစ်ပြီးတော့ Bacillus – 2 Billions အပြည့်အဝပါဝင်ပါတယ်။

Liquid Type ဖြစ်တာကြောင့် Action ကိုချက်ချင်းရရှိစေပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို ချက်ချင်းသက်သာစေပါတယ်။

ကလေးငယ်များ ဝမ်းပျက်တဲ့အခါ Bacigut အတောင့်လေးကိုချိုးပြီး မိခင်နို့ရည်နဲ့ဖြစ်စေ ၊ အချိုရည် (သို့ ) ရေနဲ့ဖြစ်စေ ရောစပ်ပြီးတိုက်လို့ရလို့ ပိုမိုအဆင်ပြေစေတာပေါ့။

#Bacigut ကိုနီးစပ်ရာဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရရှိနေပြီဖြစ်ပါတယ်။

Ref ; NHS

#LiquidProbiotic

#Bacigut

#MTSM

Similar Posts